bnf mart

Terms & Conditions for Sellers

This Agreement was last modified on Dec 11, 2020.

အောက်ဖော်ပြပါ Terms & conditions သည် BNF Mart နှင့် BNF Mart ၏ Seller များလိုက်နာရမည့် သဘောတူညီချက်ဖြစ်ပါသည်။ 
BNF Mart “Seller” (ဖြန့်ဝေရောင်းချသူ) ဆိုသည်မှာ BNF Mart ပေါ်တွင် ကုန်ပစ္စည်းများ/ ဝန်ဆောင်မှုများကို လာရောက ်တင်ပြရောင်းချသူများကို ဆိုလိုသည်။ 

General
1) BNF Mart သည် E-commerce Platform / Market Place ဖြစ်သောကြောင့် ရောင်းချသည့် ကုန်ပစ္စည်းများကို Seller အနေဖြင့် ရောင်းချမည်ဖြစ်ပါသည်။ (BNF Mart အနေနှင့် ရောင်းချခြင်းမဟုတ်ပါ)
2) Seller ၏ Product များကို BNF Mart နှင့် BNF Mart နှင့်သက်ဆိုင်သော Promotion Channel များ၊ BNF Mart ၏ ရောင်းခွဲများ အားလးုံတွင် တင်ပြ/ ရောင်းချခွင့်ရှိပါသည်။
3) BNF Mart ပေါ်တွင် ရောင်းချရန်အတွက် လိုအပ်သော အချက်အလက်များနှင့် ဈေးနှုန်းများကို BNF Mart ၏ Format အတိုင်း Seller များဘက်မှ ပေးရမည်ဖြစ်သည်။ ပေးပို့သော အချက်အလက်များ မှန်ကန်ကြောင်းကို Seller များဘက်မှ အာမခံချက်ပေးရမည်ဖြစ်ပြီး မှားယွင်းမှု တစ်စုံတစ်ရာရှိခဲ့ပါက Seller များဘက်မှ တာဝန်ယူရမည်ဖြစ်သည်။
4) BNF Mart Seller များပေးပို့သော ကုန်ပစ္စည်း/ဝန်ဆောင်မှုနှင့် ဆိုင်သော အချက်အလက်များ၊ ဈေးနှုန်းများ ပြင်ဆင်ရန်လိုအပ်ပါက Seller ကို အကြောင်းကြား၍ BNF Mart အနေဖြင့် ပြင်ဆင်ခွင့်ရှိသည်။

Product
5) Seller ဘက်မှ သတ်မှတ်ထားသော ကုန်ပစ္စည်း/ ဝန်ဆောင်မှုဈေးနှုန်းများ အပြောင်းအလဲရှိပါက BNF Mart ဘက်ကို 7 working days ကြိုတင်၍ Written format ဖြင့် အကြောင်းကြားပေးရ မည်ကို နားလည်ပါသည်။ 
6) BNF Mart တွင်တင်ထားသော Product များအတွက် Seller ထံတွင် Stock အဆင်သင့်ရှိရမည်ကို နားလည်ပါသည်။ လုံလောက်သော Stock မကျန်ခြင်း၊ Stock ပြတ်ခြင်းများရှိပါက BNF Mart သို့ ကြိုတင် အကြောင်းရမည်ကို နားလည်ပါသည်။ 
7) BNF Mart website ပေါ်တွင် တင်ပြရောင်းချထားသည့်ပစ္စည်းများနှင့် သက်ဆိုင်သော အာမခံချက်(သို့) လိုအပ်သည့် အစိုးရဌာန၏ အသိအမှတ်ပြု လိုင်စင်/ ခွင့်ပြုချက် ရှိရပါမည်။ ဉပဒေနှင့် ညှိစွန်းနိုင်သည့် ပစ္စည်းများရောင်းချပါက BNF Mart မှ ထိုပစ္စည်းများကို Channels ပေါ်မှ ဖြုတ်ချခွင့်ရှိသည်။
8) BNF Mart အနေဖြင့် Seller ၏ Price အပေါ်တွင် အခါအားလျော်စွာ Promotion / Discount ပြုလုပ်ခြင်း၊ Transaction/Service Fee ထပ်ပေါင်းထည့်ခြင်း စသညျတို့ကို Changes လုပ်ခွင့်ရှိပါမည်။ (ထိုပြောင်းလဲမှုသည် Seller ကို ပြန်ရှင်းပေးရမည့် ပစ္စည်းဈေးနှုန်းကို ထိခိုက် သက်ရောက်မှု မရှိပါ။)

Complain & Responsibility
9) BNF Mart သည် Seller နှင့် Customer များကြားရှိ Disputes Case များကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
10) Seller ၏ ကုန်ပစ္စည်း/ ဝန်ဆောင်မှုနင့် သက်ဆိုင်‌သော Complains , Questions နှင့် Dispute Case  များကို BNF Mart Customer Service မှ သက်ဆိုင်‌ရာ Seller များထံသို့ လွှွဲပေးမည်ဖြစ်ပါသည်။ ထိုသို့ လွှွဲပေး‌သော Cases များကို ၄၈နာရီ အတွင်း Seller များဘက်မှ Response ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် တာဝန်ယူ ဖြေကြား မှုမရှိခဲ့ပါက Seller အဖြစ်မှ ရပ်ဆိုင်းနိုင်ပါသည်။
11) Seller ၏ product များသည ်ဥပဒေနှင့် ညှိစွန်းသော ပစ္စည်းများ၊ ပစ္စည်းသက်တမ်း ကုန်ဆုံးရက်၊လိုင်စင်၊ ခွင့်ပြုချက် မရှိသော ပစ္စည်းများ၊ ဓါတ်မတည့်မှုမြားနှင့် Seller ၏ product ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများ၊ dispute case များကို Seller ဘက်မှ တာဝန်ယူဖြေရှင်းရပါမည်။
12) Seller ၏ Product များ BNF Mart မှ ပို့ဆောင်စဉ်တွင် လည်းကောင်း၊ ထိန်းသိမ်းထားချိန်တွင် လည်းကောင်း BNF Mart ကြောင့် ပျက်စီး/ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လာပါက BNF Mart မှ တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ပါသည်။

Payment
13) BNF Mart ၏ Platform ပေါ်တွင် တင်ပြရောင်းချထားသည့် ကုန်ပစ္စည်း/ ဝန်ဆောင်မှုများ၏ ရောင်းရငွေကို Seller များကိုယ်စား BNF Mart မှ လက်ခံရရှိမည်ဖြစ်ပြီး ရောင်းချ၍ရသော ပစ္စည်းများ၏ တန်းဖိုးပေါ်မူတည်၍ သဘောတူညီထားသော Commission, ကျသင့်သော Transaction Fee နှင့် Service Charge များကို နှုတ်ယူ၍ Seller များထံသို့ စာရင်းရှင်းလင်းပေးမည်ဖြစ်ပါသည်။ စာရင်းရှင်းလင်းပေးရာတွင် Seller ၏ ပေးပို့ထားသော ဘဏ်အကောင့် သို့ တစ်လလျှင် ၂ ကြိမ်ရှင်းစနစ်ဖြင့် စာရင်းရှင်းလင်းပေးမည် ဖြစ်ပါသည်။ စာရင်းတွက်ချက်ရာတွင် ၁ရက်နေ့မှ ၁၅ ရက်နေ့ အထိကို တစ်ကြိမ်၊ ၁၆ ရက်နေ့မှ လကုန်ရက်အထိကို တစ်ကြိမ် ပိုင်းဖြတ်၍ တွက်ချက်ပေးပါမည်။
  • Consign ပစ္စည်းများအတွက် Customer ပစ္စည်းဝယ်ယူသည့် ရက်ပေါ်တွင်မူတည်၍ စာရင်းတွက်ချက်ရှင်းလင်း ပေးမည်ဖြစ်သည်။
  • Seller များထံမှ တိုက်ရိုက်ရယူ၍ Customer များထံသို့ Delivery ပို့ဆောင်ပေးရသော ပစ္စည်းများအတွက် Supplier များထံမှ ပစ္စည်း Pick up ပြုလုပ်သောရက်ဖြင့် တွက်ချက်ရှင်းလင်းပေးမည်ဖြစ်ပါသည်။
14) စာရင်းရှင်းလင်း တွက်ချက်ပေးချေရာတွင် မြန်မာကျပ်ငွေ (Myanmar Kyats) ဖြင့်သာပေးချေမည် ဖြစ်ပါသည်။
15) Seller ဘက်မှ သတ်မှတ်ထားသော ကုန်ပစ္စည်း/ ဝန်ဆောင်မှုဈေးနှုန်းများသည် Commercial Tax ပါဝင်ပြီး ဈေးနှုန်းဖြစ်သည်။

Cancellation, Refund & Return Policy
16) Cancellation, rejection, Return & Refunds စသည်များနှင့် စာရင်းများကို Return Policy အတိုင်း စာရင်းရှင်းလင်းပေးမည်ဖြစ်ပါသည်.
17) Products များအား Customer ဆီသို့မပို့ဆောင်မှီ Customer အနေဖြင့် Booking ကို Cancel ပြုလုပ်ခွင့် ရှိသည်ဆိုသော အချက်ကို သဘောတူပါသည်။
18) အောက်ပါအချက်အလက်များထဲမှ အချက်အလက်တစ်ခုခုနှင့်ကိုက်ညီမှုရှိနေပါက Customer ဘက်မှ ပစ္စည်းလက်ခံရရှိသည့်နေ့မှစ၍ ၂ ရက်အတွင်း Return ပြန်လည်ပေးခွင့် ရှိ သည်ကို သဘောတူသိရှိပါ သည်။
  • Customer မှ မှာထားသော ပစ္စည်းမဟုတ်ခဲ့လျှင်
  • ပစ္စည်းနဂိုမူလအတိုင်း မဟုတ်ဘဲ ပျက်စီးနေလျှင်
  • Expire Date နီးနေလျှင် (Expire duration အနည်းဆုံး ၈ လ ရှိရမည့် ပစ္စည်းသည် Expire ကုန်ဆုံးရန် ၃လအတွင်းဖြစ်နေပါလျှင်) ၊ Expire သက်တမ်းကုန်ဆုံးရက်ကျော်လွန်နေလျှင်
  • Customer မှ မနှစ်သက်လျှင် (Returnable item Categories တွင်ပါသောပစ္စည်း များအတွက်သာ)
19) ထိုအခြေအနေများ (Return ပြန်လည်ပေးခွင့် ရှိ/မရှိ) ကို BNF Mart Return Department မှ စီစစ်၍ ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ ထို Return အနေဖြင့်ပြန်လည်ရောက်ရှိလာသော ပစ္စည်းများအတွက် လိုအပ်ပါက Customer အား Payment Refund လုပ်ပေးခြင်း၊ Delivery Charges ကို လျော့ပေးခြင်းများကို ပြုလုပ်နိုင်သည်။
20) Return Policy အတိုင်း Customer များထံမှ BNF Mart သို့ ပြန်လည်ပေးပို့ထားသော ကုန်ပစ္စည်းများကို Seller များထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ ထို Return Product များအတွက် စာရင်းရှင်းလင်း ပေးချေပြီးဖြစ်ပါက Seller များထံသို့ နောက်တစ်ကြိမ် စာရင်းရှင်းလင်းတွက်ချက်ရာတွင် ထိုပစ္စည်း များ၏ တန်ဖိုးကို ပြန်လည်နှုတ်ယူ တွက်ချက်ပေးမည်ဖြစ်ပါသည်။