bnf mart
Image Alternative text

Stay at Home မှာ တပြားမှ မကုန်ပဲ ပျော် အောင်နေလို.ရတဲ့ (၁၀) ချက် 1

Stay at Home မှာ တပြားမှ မကုန်ပဲ ပျော် အောင်နေလို.ရတဲ့ (၁၀) ချက်

− − − − − − − − − − −−− − −− − − − − − − − − − − − − − − −− − − − − − − −

တကယ်တော့ တသက်လုံး ပူပန်ပြီး အလုပ်လုပ်လာတာ Covid19 ကြီးကြောင့် အလုပ်မလုပ် ရတော့ဘူးဆိုပြီး စိတ်ညစ်နေတယ်ဆိုရင် အကောင်းဘက်က တွေးကြည့်ပါ.. မသေမချင်း အလုပ်လုပ်ရမယ့် အတူတူ ကိုယ့်အတွက် အားလပ်ချိန်လေးရတယ်လို့ စဥ်းစားပြီး အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာပဲ စဥ်းစားကြည့်ရအောင်..

အရင်က လုပ်ချင်ပေမယ့် မအားလို့ . မလုပ်ဖြစ်ခဲ့တာ ဘာတွေရှိလဲ ဒီအချိန်က တကယ့်ကို အသုံးချဖို့ အခွင့်အရေးပါပဲ... စိတ်ညစ်နေဖို. မဟုတ်ဘူး

ကျွန်တော်လည်း အပျော်မက် အပြင်ထွက်တဲ့သူမို့ နေ့တပိုင်းလောက် အပြင်မထွက်ရရင်တောင် ငြီးစီစီ ကြီးရယ်.. အခုတလော စီးပွားရေး အခြေအနေတွေက လည်း မကောင်းကြလို့ စိတ်ဓါတ်ကျတာတွေ စိတ်ညစ်ထားတွေ ခနလောက်မေ့ထားလိုက် ဒါ ခုချိန်လူတိုင်းဖြစ်တာပဲလေ ဒီနေ့ကစပြီး ပျော်အောင်နေနိုင်ဖို့ ကျွန်တော်အသုံးချနေတဲ့ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်

1️⃣ဘာသာစကားလေ့လာပါ

ကိုယ်မသိတဲ့ ဘာသာစကား အသစ် တစ်လုံး သိသွားရင်တောင် ပျော်ရွှင်မှုတစ်ခုပါပဲ...ဘာသာစကား အသစ် တွေ mobile app ကနေ သင်ပါ ဂိမ်းကစားသလို သင်ပေးတော့ စာသင်တယ် လို့တောင် ခံ စားရမှာ မဟုတ်ပါဘူး .. ဒါပေမဲ့ အခြေခံတွေ သေချာသင်ပေးပြီး ကိုယ့်အသံထွက် မှန်မမှန်ကိုလည်း ပြန်ပြောခိုင်းပြီး စစ်ပေးတာ တကယ် မိုက်ပါတယ် တကယ် စိတ်၀င်စားရင် advance ထိ သင်ယူနိုင်ပြီး Free ပါ..... ရှာချင်ရင် play store မှာ Duolingo : Learn Languages Free လို့ရှာပေးနေ်

Play Store Download Link: https://bit.ly/3ikNecd

2️⃣ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ

ငြီးစီစီ ဖြစ်နေတယ် ဆို အကောင်းဆုံးက cardio ( သို့ ) workout လေး လုပ်ပါ လူတိုင်းအတွက် အဆင်ပြေအောင် equipment လည်းမလို ကိုယ်တိုင်လည်း သုံးနေတဲ့ Home Workout - No Equipment ဆိုတဲ App လေး ညွှန်းချင်တယ်. တခြား ကောင်းတာတွေ အများကြီး ရှိပေမဲ့ ကိုယ်သုံးနေကျ app လေး ပဲ ညွှန်းလိုက်ပါတယ် ၁၅ မိနစ်လောက်ပဲ ဆိုတော့ လိုက်လုပ်ဖို့ လွယ်ကူပြီး ချွေးလဲထွက်တော့ ညဘက်ကောင်းကောင်း အိပ်ပျော်ပါတယ်..

Play Store Download Link: https://bit.ly/2DOiO39

3️⃣တရားထိုင်ပါ တရားစာအုပ်ဖတ်ပါ -

ခုချိန်က တရားထိုင်နေကျ သူတွေ တောင် တရားထိုင်ရင်း လောကီအပူမီးတွေကြောင့် အာရုံသိပ်ကပ်တဲ့ အချိန်မဟုတ်ပါဘူး... ဒါပေမဲ့ ဒီအချိန်မှာ ဘုရား တရားကို ခန ဖြစ်ဖြစ် သေ ချာလုပ်ကြည့်ဖို. အကောင်းဆုံး အချိန်ပါ ... တခြား အချိန်မှာ အလုပ်သွား အလုပ်ပြန် နဲ.တင် ပင်ပန်းနေတဲ့ အချိန်မဟုတ်လား.... ထိုင် နေကျ မဟုတ်ရင် ၀င်လေသိ ထွက်လေသိ လေးပဲ မှတ်ပြီး တခြား ဘာဆိုဘာမှ မတွေးပဲ ငါးမိနစ်လောက်လေးပဲ သေချာလေး စိတ်တည်ငြိမ် အောင် ကြိုးစားကြည့်ပါ...

အဲ့ကတဆင့် အောက်က Dhamma Talk mobile app ထဲက ကိုယ် အဆင်ပြေတဲ့ ဆရာတော်ရဲ. အလုပ်ပေး တရား လေး ဖွင့်ပြီး ကြိုးစားကြည့်တာ အိမ်မှာ အေးဆေး ရှိနေတုန်းမလွတ်သင့် တဲ့ အခွင့်အရေးမို.လား

Play Store Download Link: https://bit.ly/2DPJGQl

4️⃣ဟင်းအဆန်းအပြားတွေ ချက်ကြည့်ပါ

အချစ်ဆုံးဖြစ်ကြောင်း သက်သေပြဖို့ဆိုတာ အကောင်းဆုံးဟင်းကို ကိုယ်တိုင်ချက်ကျွေးတာပါ ....ယုံပါ တဖြုတ်ဖြုတ်ကျအောင် ကြွေမှာပါ .... အဲ့လို ဆန်းဆန်းပြားပြားဟင်းတွေ ချက်ကျွေးဖို.ဆို အခုချိန်က လေ့ကျင့်ထားဖို. အကောင်းဆုံးအချိန်ပဲ .... ရော့ Cooking Apps တွေ… ဒါတွေတော့ သိပ်မစမ်းဖူးဘူးဆိုတော့ ကောင်းမကောင်းပြန်ပြောဦး...

မြန်မာဟင်းတွေ အတွက်...
Burmese Food Lovers: https://bit.ly/33lXuL0
အိမ်ရှင်မလက်စွဲ: https://bit.ly/2DOxXS4

Facebook မှာရှာကြည့်ရင် လည်း အများကြီး ရှိတယ် နော်..

5️⃣မိတ်ဆွေစာရင်း ပြန်စစ်ပါ −

Facebook friend list နဲ့ Phone contact ပြန်စစ်ပြီး မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေကို ဖုန်းခေါ်ပါ − အလုပ်များလို့ နေ့စဥ်ဘ၀မှာ ကိုယ့် အလုပ် ကိုယ်ရှုပ်နေလို. သူငယ်ချင်းတွေ တခါတလေ FB မှာ ပုံတက်လာရင် like ပေးတာ အပြင် မလုပ်ဖြစ်ဘူးဟုတ် Facebook friend list နဲ. phone contact ကို ပြန်စစ် လိုက်ပြီး နေကောင်းလား အဆင်ပြေလား မေးဖို့ ဖုန်းခေါ်ချလိုက်ပါ.... သင်တောင် မထင်ထားတဲ့ နွေးထွေးခင်မင်မှုနဲ. ပြောစရာတွေ အများကြီးက.... ငယ်ဘ၀ ကို အများကြီး အမှတ်ရစေမှာပါ

6️⃣အနာဂတ်မှာ ကြီးပွားကြောင်း လေ့လာပါ

မြန်မာနိုင်ငံ အနာဂတ်မှာ ရင်းနှီးမြုပ်နှံမှုပုံစံက ရွေ ၊ အိမ် ၊ ခြံ ၊ ကား ၊ bank တိုးထိုင်စားတာထက် stock or bond ရင်းနှီးမြုပ်နှံမှုက ပိုမိုကျယ်ပြန်.လာနိုင်ပါတယ် .. မပြောနိုင်ဘူး အသက်ကြီးလာရင် ကိုယ့်ရဲ. သေချာတဲ့ passive income တောင် ဖြစ်လာနိုင်ပါသေးတယ် အဲ့တော့ ခုချိန်မှာ သေချာလေ့လာ ထားကြည့်တာ မမှားဘူး ထင်တာပဲ..

Ygn stock exchange အကြောင်းကို https://ysx-mm.com/ မှာလေ့လာလို့ရပါတယ် .... public company တစ်ခုခြင်းဆီရဲ. profile , market data , financial statement တွေ , company activities တွေ တင်ထားတာဆိုတေ့ ခုချိန်ရှိတုန်းလေး သေချာ လေ့လာတာ နောင်အတွက် အရမ်း အကျိုးရှိမှာပါ …

မြန်မာပြည်မှာ အလားအလာ ရှိတဲ့ private company အများကြီးရှိပါတယ်... အဲ့ထဲက မှ ကိုယ်အယုံကြည်ရဆုံး company တွေကနေ ipo (initial public offering ) ဖွင့်တဲ့ အခါ stock share ကိုယ်၀ယ်ထား နိုင်ရင် အနာဂတ်မှာ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်နိုင်ပါတယ်…

Yangon stock exchange က company နည်းသေးတာမို့ ထပ်လေ့လာချင်ရင် 1) investopedia.com 2)bloomberg.com 3) sgx.com တို့ကို ဆက်လေ့လာနော်

7️⃣Online Public profile သေချာဖွင့်ပါ

FB မှာပဲ အချိန်ကုန်တာထက် Linkedin မှာ profile လေး သေချာဆောက်ပြီး ကိုယ့် skill , experience တွေ သေချာထည့်...ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ် ထဲက လူတွေရဲ့ အကောင့်တွေ သေချာလိုက်ရှာပြီး connect လုပ် စကားလိုက်ပြောပါ...မရှုံးပါဘူး.. ကံကောင်းရင် အခွင့်အရေးကောင်းတွေတောင် ဒီကနေ အများကြီးရနိုင်ပါတယ်....

ဆရာကြီးတော်တော်များများက Linkedin မှာပဲ အလုပ်အတွက်သေချာသုံးပြီး profile သေချာ ရေးကြတာပါ... fb အကို အပျော်နဲ. သတင်းကြည့်ဖို.လောက်ပဲ သုံးကြတာပါ... Facebook Account တွေကိုလည်း မယုံကြပါဘူး

8️⃣အ၀တ်ဗီဒိုရှင်းပါ

အကုန်လုံးအတွက်တော့ မှန်ချင်မှ မှန်မှာပါ.... မိသားစုနဲ့ မနေဖြစ်ပဲ ကိုယ့် အ၀တ်ကိုယ်လျော်ရတဲ့ ကျတော့် အတွက်တော့ မီးပူမှန်မှန်တိုက်ဖို့ ဆိုတာ မလွယ်လို. အကြမ်းလေး ပဲ ခေါက် ဗီဒိုထဲ ထည့် . အပြင်သွားမယ်ဆိုမှ ယူပြီး မီးပူတိုက်တာပါ...

အဲ့လိုနည်းက မီတာခလည်း နည်းနည်းသက်သာတယ်လေ.... အဲ့တော့ အခု အားတဲ့ အချိန်မှာ အ၀တ်ဗီဒို ကို သေချာ ပြန်ရှင်းရင် အလုပ်တစ်ခုပြီးသွားပြီး စိတ်ချမ်းသာတယ်.... ရည်းစားဟောင်းတွေ ပေးထားတဲ့ လက်ဆောင် ပစ္စည်းတွေလည်း ပြန်ထွက်လာတတ်တာမို့ လွင့်ပစ်မယ်ဆုံးဖြတ်ရင် ကျွန်တော်ကို လှမ်းခေါ်လိုက်နော်.... အ၀တ်ဗီဒိုရှင်းတာအပြင်.... အုတ်ကန်ဆေးတာ မျက်နှာကျက်သန်.ရှင်းရေးလုပ်တာ တွေလည်း လုပ်လို့ရသေးတယ်

9️⃣မိသားစု (သို့) အိမ်သားတွေ နဲ. ရင်းရင်းနှီးနှီးနေပါ

ပုံမှန် အားဖြင့် အိမ်နဲ့ ကျွန်တော်တို. ဟာ ‌ဝေးကွာနေလေ့ ရှိတော့ မိသားစုနဲ့ အတူ ထမင်းအတူစားတာ ၊ TV series အတူကြည့်ဖြစ်တာ ၊ ညီအကို သူငယ်ချင်းတွေနဲ. အိမ်မှာပဲ ဘီယာလေး ဖြစ်ဖြစ် အတူသောက်ဖြစ်တာမျိုး က ပုံ မှန် အလုပ်ရှုပ်နေတဲ့ ဘ၀မျိုးမှာ လုပ်ဖို့ မေ့နေတတ်ကြ ပေမဲ့ တယောက်ယောက် နဲ့ သိဖို့ မိသားစုအတွက် ရင်းနှီးလာဖို့ က ဒီအချိန်မှာ အချိန်များများပေးပါ

🔟စာဖတ်ပါ

အိမ်က လေကောင်းလေသန့် ရတဲ့ နေရာလေးမှာ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး စာအုပ်ကောင်းလေး တစ်အုပ် ဖတ်ရတာ လောက် ကောင်းတာ မရှိပါဘူး စာအုပ်တွေ မ၀ယ်ရသေးဘူးဆို မြန်မာစာအုပ်တွေကို ဒီမှာ https://bit.ly/35vtNKw Free download လုပ်လို့ရပါတယ်

Amazon original English စာအုပ်တွေကိုတော့ Instock ဒီမှာ https://bit.ly/3bQZFu0 ရှာလို့ရပါတယ်

ဒီအချိန်မှာ အစိုးရကလည်း ရှိသမျှအားနဲ. တိုက်ဖျက်နေတယ် ကျွန်တော်တို့ တကယ် ကူညီချင်တယ် ဆို လုပ်ပေးရမှာ ၂ ပတ်လောက် အိမ်ထဲ နေပြီး မလိုအပ်ရင် အပြင်မထွက်ဖို့ပါပဲ ၀မ်းရေးကြောင့် နဲ. လိုအပ်လို. အပြင်ထွက်ကြမယ် ဆိုလည်း mask တပ် ၊ ၆ ပေခွာ ၊ သတိရတိုင်း လက်ဆေး ခက်ခဲတာ တခုမှ မပါပါဘူး...

ကျွန်တော်တို့ တယောက် အကူးခံရ သက်သာသွားလည်း အကျိုးအများကြီး ရှိမှာမို့.... အိမ်မှာ ပျော်အောင် နေနည်း ၁၀ ချက်ကို သိသလောက် မျှဝေလိုက်ပါတယ်... ကိုယ်ပိုင် အိမ်မှာပဲ ပျော်အောင်နေနည်း လျှို့၀ှက်ချက်တွေ ရှိရင်လည်း မျှဝေပါဦးဗျာ

အားလုံး covid19 disaster ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ

Share:

1 comments

  1. Go ahead, have sex on the first date http://nonsjegesdusua.ga/chk/59

Leave a Reply